မှန်ကန်သော/အယူဝါဒ/ကို သွန်သင်ခြင်း
2
သင်/သည် မှန်ကန်သော/အယူဝါဒ/နှင့် ကိုက်ညီသည့်/အရာများ/ကို သွန်သင်/ရမည်။ 2 အသက်ကြီးသော/အမျိုးသားတို့/အား ကိုယ်ကျင့်တရား/စောင့်ထိန်းသူ၊ သိက္ခာ/ရှိသူ၊ မိမိကိုယ်ကိုယ်/ချုပ်တည်းသူ၊ စစ်မှန်သော/ယုံကြည်မှု ချစ်ခြင်းမေတ္တာ သည်းခံမှုတို့/နှင့်/ပြည့်ဝသူ ဖြစ်/ရန် အကြံပေးလော့။
3 ထိုနည်းတူ အသက်ကြီးသော/အမျိုးသမီးတို့/အား ဘုရားတရား/ကြည်ညို/၍ အတင်းအဖျင်း/မပြောသူ၊ သေရည်သေရက်/သောက်ကြူးသူ မဖြစ်ဘဲ ကောင်းသော/အရာများ/ကို သင်ပေးတတ်သူ ဖြစ်/ရန် အကြံပေးလော့။ 4 သို့ဖြစ်လျှင် သူတို့/သည် အသက်ငယ်သော/အမျိုးသမီးတို့/အား မိမိတို့/၏ ခင်ပွန်း/နှင့် သားသမီးများ/အပေါ် မေတ္တာထားသူ၊ 5 မိမိကိုယ်ကိုယ်/ချုပ်တည်းသူ၊ စင်ကြယ်သူ၊ အိမ်မှုကိစ္စ/ကို ကောင်းစွာ ထိန်းသိမ်းနိုင်သူ၊ ကြင်နာတတ်သူ၊ ခင်ပွန်းသည်/ကို နာခံသူ/များ ဖြစ်/ရန် သင်ပေးနိုင်/လိမ့်မည်။ သို့မှသာ မည်သူမျှ ဘုရားသခင်/၏/တရားတော်/ကို စော်ကား/နိုင်မည်/မဟုတ်။
6 ထိုနည်းတူ အသက်ငယ်သော/အမျိုးသားတို့/အား မိမိကိုယ်ကိုယ် ချုပ်တည်း/နိုင်ရန် နှိုးဆော်လော့။ 7 အရာရာ/၌ ကောင်းမှု/ကို ပြု/၍ သင်/ကိုယ်တိုင်/စံနမူနာ/ဖြစ်စေလော့။ သွန်သင်/ရာတွင် ရိုးသား/ပွင့်လင်းခြင်း၊ တည်ကြည်ခြင်း၊ 8 အပြစ်ဆိုဖွယ်/မရှိသည့် မှန်ကန်သော/စကား/ကို ပြောဆိုခြင်း/တို့/ဖြင့် သွန်သင်လော့။ ထိုအခါ သင့်/ကို ဆန့်ကျင်သော/သူတို့/သည် ကဲ့ရဲ့စရာ/အကြောင်း/မရှိ/သဖြင့် အရှက်ကွဲကြ/လိမ့်မည်။
9 မိမိ/သခင်တို့/ကို အရာရာ/၌ နာခံ/၍ စိတ်ကျေနပ်/အောင် ဆောင်ရွက်/ရန် ကျွန်တို့/အား သွန်သင်လော့။ ခွန်းတုံ့မခံ/ပြောခြင်း၊ 10 ခိုးဝှက်ခြင်း/တို့ မပြုဘဲ သစ္စာရှိ/၍ ယုံကြည်/စိတ်ချရသူများ ဖြစ်/စေရန် တိုက်တွန်းလော့။ ဤသို့ဖြင့် ကျွန်ုပ်တို့/၏ ကယ်တင်ရှင်/ဘုရားသခင်/အကြောင်း သွန်သင်ချက်/များ/သည် ပို/၍ စိတ်ဝင်စား/ဖွယ် ဖြစ်လာ/လိမ့်မည်။
11 အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့/ကို ကယ်တင်/ရန် ဘုရားသခင်/၏ ကျေးဇူးတော်/သည် ထင်ရှားလာ/သောကြောင့် ဖြစ်၏။ 12 ဤ/ကျေးဇူးတော်/သည် ကျွန်ုပ်တို့/အား ဘုရား/တရား/မဲ့ခြင်း/နှင့် လောကီ/တပ်မက်ခြင်း/ကို ငြင်းပယ်/၍ မိမိကိုယ်ကိုယ်/ချုပ်တည်းခြင်း၊ ဖြောင့်မတ်ခြင်း/နှင့် ဘုရားတရား/ကိုင်းရှိုင်းခြင်းတို့/ဖြင့် နေထိုင်/ရန် သွန်သင်ပေး၏။ 13 တစ်ချိန်တည်း/မှာပင် ကျွန်ုပ်တို့/သည် ကြီးမြတ်သည့်/ဘုရားသခင်/ဖြစ်တော်မူသော ကယ်တင်ရှင် ယေရှု/ခရစ်တော် ဘုန်းအသရေ/နှင့် ကြွလာမည့် မင်္ဂလာ/ရက်မြတ်/ကို စောင့်မျှော်နေကြ၏။ 14 သခင်/ယေရှု/သည် ကျွန်ုပ်တို့/အား ဒုစရိုက်/အမျိုးမျိုး/မှ ရွေးနုတ်/ရန်/နှင့် ကျွန်ုပ်တို့/အား မိမိ/အတွက် စင်ကြယ်/စေရန် မိမိ/အသက်/ကို ပေးတော်မူ၏။ ဤ/သည်မှာ ကျွန်ုပ်တို့/သည် ကိုယ်တော်/၏ လူများ/ဖြစ်လာ/၍ ကောင်းမှု/ပြုရာ/တွင် စိတ်အား/ထက်သန်ကြ/ရန် ဖြစ်၏။ 15 သင်/သည် အထက်ပါ/အကြောင်းအရာများ/ကို သွန်သင်လော့။ အခွင့်/အာဏာ အပြည့်အဝ/ဖြင့် တိုက်တွန်း/၍ ဆုံးမလော့။ မည်သူမျှ သင့်/ကို မထီမဲ့မြင် မပြုပါစေနှင့်။